Saturday, December 3, 2011

ကံကောင်းတဲ့ ချစ်သူ

ဆံနွယ် တစ်ချို့
လေအဝေ့မှာ
မြူးလွန့် မြောက်ကြွ
လှိုင်းတွန့်ထကာ
ကျွန့်တော့်အသည်း
ကျွန့်တော်နှလုံး
စွဲကိုင်လုပ်ကာ
လှပခြေလှမ်း
သန်း မက တန်
မဟာ ဆန်ပြီး
ယဉ်သည့်အလှ
ထိုအလှကား
ဒီကမ္ဘာဝယ်
တုနှိုင်းမမှီ
ပန်းချီတောင်ရှုံး
လှမဆုံးသည့်
ပါးပြင်နုနု
ဖွေးဖွေးဥကာ
ဆံနွယ်၊ ခြေဖျား
ကျော့ယဉ် လှပ
လူတိုင်းကငေး
လူယဉ်ကျေးမို့
ချစ်သည့်သူပေါ
ခင်သူများသော
သူငယ်မအား
ချူသူများသည့်
ပန်းလှ ပမာ
ဟိုလူလို ချင်
ဒီလူခင် လည်း
သူမ ယုံကြည်
ကြင်နာခြင်းထပ်
ချစ်ခွင့် ရခဲ့သည်က ကျွန်တော်ဗျ.။
                                         PoemsCorner မိုးကြီး(လေကြီး) မှ ရှယ်ထားပါကြောင်း 

No comments:

Post a Comment