မိုးရယ်.......
မိုးရဲ့အကြည့်တစ်ချက်နဲ့
ရင်ဘတ်ဟတ်တက်ကွဲခဲ့တာပါ။
မိုးရယ်….
မင်းစိတ်မကြည်ဖြူ
နှုတ်ခမ်းဆူနေတာတောင်သေမလိုဖြစ်နေရသူပါ။
မိုးရယ်….
ဒီရင်ကိုခွဲ အသည်းကိုယူလည်း
ပြုံးပြုံးကြီးကျေနပ်နေမှာပါ။
မိုးရယ်….
မင်းမကြင်နာမုန်းသွားတောင်
ငါ့အတွက်တော့အကြင်နာရဆုံးစာရင်းမှာမင်းနံပါတ်" ၁ "ပါပဲ။
မိုးရယ်….
ဘာကြောင့် ကိုယ့်ကိုချန်ထားပြီး
ဟိုး အဝေးကြီး ကို ထွက်သွားရချင်တာလဲ ..
..မိုး ရယ်................. ။ ။

No comments:
Post a Comment